back

ရှမ်းပြည်နယ်တွင် သခွားမွှေးကား အဝင်နည်းပေမယ့် စျေးကွက်ဆက်တိုက်ကျလာ

Dec 09 • 2:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တွင် သခွားမွှေးကား အဝင်နည်းပေမယ့် စျေးကွက်ဆက်တိုက်ကျလာ

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းလား - တာလော့ဂိတ်မှတဆင့် ပြည်တွင်းထွက် သခွားမွှေးကို တရုတ်ကို ရောင်းချနေရာ သခွားမွှေးစျေးကွက်မှာ ဆက်တိုက် ကျလာတယ်လို့ ကုန်သည်တ...

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းလား - တာလော့ဂိတ်မှတဆင့် ပြည်တွင်းထွက် သခွားမွှေးကို တရုတ်ကို ရောင်းချနေရာ သခွားမွှေးစျေးကွက်မှာ ဆက်တိုက် ကျလာတယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ် ။လက်ရှိမှာ မိုင်းလား - တာလော့ အသီးရောင်းကွင်းကို မြန်မာသခွားမွှေး ကားအစီးရေ ဝင်ရောက်မှု နည်းပေမယ့်လည်း ဝယ်လိုအားနည်းနေတာကြောင့် သခွါးမွှေးစျေးနှုန်းက အဖွင့်စျေးထက် တစ်ကီလိုကို ၂ ယွမ် မှ ၃ ယွမ်အ ထက် စျေးနှုန်းကျလာတာဖြစ်တယ်လို့ သိရပါတယ်။မိုင်းလား -တာလော့ဂိတ်ကို သခွားမွှေး တင်ပို့ရာမှာ လမ်းခရီးပိုင်း အနေနဲ့ သွားလာရတဲ့အချိန် ကြာမြင့်တာကြောင့် တရုတ်အခြမ်း တာလော့ အသီးရောင်းကွင်းကို သခွားမွှေး ကားတွေရောက်ရှိချိန်မှာတော အသီးအရည်အသွေး ပျက်စီးမှုတွေ ရှိနေတယ်လို့သိရပါတယ်။ တရုတ် ဝယ်လက်တွေကတော့ သခွားမွှေးသီးကို ၁၈ / ၁၉ ဆိုဒ်အသီးတွေကိုသာ ဝယ်ယူမှုများပြီး ၂၀ ဆိုဒ်အသီးအရွယ်အစားကိုတော့ ဝယ်လက်တွေ သိပ်မကြိုက်ကြဘူးလို့ သိရပါတယ်။လက်ရှိမှာ မိုင်းလား - တာလော့ ရောင်းကွင်းကို သခွားမွှေးကားတွေသာ ဝင်ရောက်မှုရှိနေပြီး ဖရဲသီးကားတွေကတော့ ဝင်ရောက်မှု သိပ်မရှိသေးဘူးလို့ သိရပါတယ်။

news-view-count-icon

27