ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေး၊ နောင်ပြစ်ကျေးရွာ၊ ပင်ပေါအုပ်စု၊ နမ့်ဆောင်ဟောင်ချောင်း ချောက်ကမ်းပါးတွင် ဒီဇင်ဘာ ၇ရက်နေ့က ချောက်အနက်ဆင်ခြေလျော ပေ(၁,၀၀၀)ရှိသည့်အနက် ပေ(၃၀၀)ခန့်သို့ လူ(၁)ဦး ပြုတ်ကျနေခဲ့ပါသည်။မီးသတ်တပ်ဖွဲ့ဝင်များသတင်းရရှိသဖြင့် ကျောက်မဲခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် နောင်ချိုမြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ ၈.၁၂.၂၀၂၅ ရက်နေ့၊ ၁၃နာရီ ၅၀မိနစ် အချိန်တွင် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျောက်မဲမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါသည်။
Dec 09 • 2:11 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 16 | 0 | 0 | 0 |


