back

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲကို ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပ

Dec 09 • 1:25 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲကို ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ညစာစားပွဲကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို...

ကာတာနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ညစာစားပွဲကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ညစာစားပွဲကို မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr. Ahmad Ali R.A. AL-Marri တို့မှ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ခဲ့ကြသည်။

news-view-count-icon

27