ထိုင်းလိဂ်-၁ ကလပ်အသင်းဖြစ်သည့် နာခွန်ရတ်ချာဆီမာအသင်းသည် လက်ရှိရာသီအတွက် မြန်မာ့လက်ရွေးစင် ညာနောက်ခံလူ ဟိန်းဖြိုးဝင်းကို ရာသီဝက် ကာလတိုစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ဟိန်းဖြိုးဝင်းသည် ယခုရာသီတွင် MNL ကလပ် ရှမ်းယူနိုက်တက်အသင်း၌ ကစားနေသူဖြစ်သော်လည်း ကစားသမား၏ ဆန္ဒအရ နာခွန်ရတ်ချာဆီမာအသင်းထံသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နာခွန်ရတ်ချာဆီမာအသင်းသည် ထိုင်းလိဂ်-၁ အမှတ်ပေးဇယား၏ အောက်ဆုံးနေရာ၌ ရပ်တည်နေပြီး၊ ဟိန်းဖြိုးဝင်း၏ ခြေစွမ်းပေါ်မူတည်၍ စာချုပ်သက်တမ်းတိုး ချုပ်ဆိုသွားမည်ဖြစ်သည်။ ဟိန်းဖြိုးဝင်းသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရတ်ချာဘူရီအသင်း၌ ကစားခဲ့ဖူးသူဖြစ်ပြီး ယခုတစ်ကျော့ ထိုင်းကလပ်အသင်းထံ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။


