မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့ပေါင်း (၁၂) ဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ ဒီဇင်ဘာ ၈ ရက်၊ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ထွက်ခွာသွားသည့် အားကစားအဖွဲ့များတွင် တိုက်ကွမ်ဒို၊ လက်ဝှေ့၊ ဖူဆယ် (အမျိုးသား)၊ ရေကူး၊ ဘိလိယက်နှင့် စနူကာ၊ Kabaddi၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ပီတန်း၊ ကျွမ်းဘားနှင့် ဂေါက်သီး အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ ပါဝင်သည်။ ၎င်းတို့နှင့်အတူ အားကစားအဖွဲ့များအား လိုက်လံအားပေးမည့် တာဝန်ရှိသူများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် (၉) ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့လည်း လိုက်ပါသွားခဲ့သည်။
Dec 09 • 1:24 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


