ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြ ရှာဘီအလွန်ဆို၏ ဦးဆောင်မှုအောက်တွင် အသင်း၏ ခြေစွမ်းနှင့် ရလဒ်ပိုင်း မကျေနပ်ဖွယ်ဖြစ်နေခြင်း၊ နည်းပြနှင့် ကစားသမားများအကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေခြင်းတို့ကြောင့် နည်းပြရာထူး အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ယခုလာမည့် ဗုဒ္ဓဟူးညတွင် ယှဉ်ပြိုင်ကစားရမည့် မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်၌ ရီးယဲလ်အသင်းသာ ရှုံးနိမ့်ခဲ့ပါက နည်းပြအလွန်ဆိုကို ရာထူးမှ ထုတ်ပယ်ဖွယ်ရှိကြောင်း သိရသည်။ အကယ်၍ အလွန်ဆို ထုတ်ပယ်ခံရပါက အစားထိုးခန့်အပ်ခံရမည့်သူများအဖြစ် နည်းပြကြီးများဖြစ်သည့် ယာဂန်ကလော့ပ်နှင့် ဇီဒန်းတို့ ရေပန်းစားနေကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။
မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲတွင် ရှုံးနိမ့်ပါက နည်းပြ ရှာဘီအလွန်ဆိုကို ရာထူးမှ ထုတ်ပယ်ရန် ရီးယဲလ် မက်ဒရစ် စဉ်းစားနေ
Dec 09 • 1:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


