back

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေ

Dec 09 • 1:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေ

အလုပ်သမားဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်...

အလုပ်သမားဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထား၍ သတ်မှတ်အီးမေးလ်သို့ အချိန်မီ ပေးပို့ရန် လိုအပ်ပြီး၊ ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ဝန်ကြီးဌာနသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလကတည်းက နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်းနှင့် အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ (၃)လစာ မိသားစုငွေ လွှဲပြောင်းပေးထားသည့် အထောက်အထားများအား အနည်းဆုံး ၄၁ ရာခိုင်နှုန်း တင်ပြရမည်ဖြစ်ကြောင်း ဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

news-view-count-icon

23