တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာ ၈ ရက်တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ ၎င်းတို့၏ တရားဝင်အမည်နှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့သည့် website အမည်ကို တုပ၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ အဆိုပါ လောင်းကစားစာမျက်နှာသည် myanmar-embassy-tokyo. net ကို အသုံးပြုကာ MYANMAR EMBASSY TOKYO အမည်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ မြန်မာသံရုံး (တိုကျို) အနေဖြင့် လက်ရှိတွင် တရားဝင် website ဖြစ်သောmyanmarembassytokyo. org ကိုသာ အသုံးပြုလျက်ရှိကြောင်းနှင့် myanmar-embassy-tokyo. net တွင် ဖော်ပြထားသည့် အကြောင်းအရာများနှင့် ယင်း website သည် မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ပြည်သူလူထုကို အသိပေးထုတ်ပြန်ခဲ့သည်။
Dec 09 • 1:20 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


