back

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲများကြောင့် ကျောင်းပေါင်း ၆၄၁ ကျောင်းကို ယာယီပိတ်

Dec 08 • 6:20 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲများကြောင့် ကျောင်းပေါင်း ၆၄၁ ကျောင်းကို ယာယီပိတ်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများ ပိုမိုပြင်းထန်လာမှုကြောင့် ထိုင်းနိုင်ငံရှိ စူရင်၊ စီစကက်၊ ဥဘွန် ရတ်ချထာနီ၊ ဘူရီရမ်နှင့် စ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများ ပိုမိုပြင်းထန်လာမှုကြောင့် ထိုင်းနိုင်ငံရှိ စူရင်၊ စီစကက်၊ ဥဘွန် ရတ်ချထာနီ၊ ဘူရီရမ်နှင့် စကဲဝ် ခရိုင် ၅ ခုရှိ ကျောင်းပေါင်း ၆၄၁ ကျောင်းကို ကျောင်းသား၊ ဆရာ၊ ဆရာမများ၏ ဘေးကင်းရေးအတွက် ယာယီပိတ်ရန် ပညာရေးဝန်ကြီး နရူမွန် ပင်ယိုစင်ဝပ်က ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်တွင် နမ်းယွမ်ခရိုင်၊ ချောင်းဘို့ခ်ဒေသ၌ ထိုင်းစစ်သားတစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကာ၊ ထိုင်းဘက်က F-16 တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းနှင့် ကမ္ဘောဒီးယားဘက်က BM-21 ရော့ကတ်ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခြင်းများ ဖြစ်ပွားနေသည်။ နယ်စပ်အခြေအနေ ပုံမှန်မဖြစ်မချင်း ကျောင်းများကို ပိတ်ထားမည်ဖြစ်ပြီး အွန်လိုင်းမှ သင်ကြားရန် အရေးပေါ်အစီအစဉ်များကိုလည်း ပြင်ဆင်ထားကြောင်း ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။

news-view-count-icon

24