back

ကိုကင်း ပေါင် ၂၀၀၀၀ တင် မူးယစ်လှေကို အမေရိကန် စနိုက်ပါဖြင့် ပစ်ခတ်ပြီး သိမ်းဆည်း

Dec 08 • 6:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကိုကင်း ပေါင် ၂၀၀၀၀ တင် မူးယစ်လှေကို အမေရိကန် စနိုက်ပါဖြင့် ပစ်ခတ်ပြီး သိမ်းဆည်း

အမေရိကန်ကမ်းခြေစောင့်တပ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ရှားနေသည့် လူမပါဘဲ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်သော မူးယစ်လှေကို ရဟတ်ယာဉ်ပေါ်မှ စနိုက်ပါဖြင့် ပ...

အမေရိကန်ကမ်းခြေစောင့်တပ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ရှားနေသည့် လူမပါဘဲ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်သော မူးယစ်လှေကို ရဟတ်ယာဉ်ပေါ်မှ စနိုက်ပါဖြင့် ပစ်ခတ်၍ ဦးစွာ ရပ်တန့်စေပြီးနောက် စီးနင်းခဲ့ရာ လူ ၇ သန်းခွဲကို သေစေနိုင်သည့် ပမာဏဖြစ်သော ကိုကင်း ပေါင် ၂၀၀၀၀ ကို ဒီဇင်ဘာ ၇ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါမူးယစ်လှေ၏ ပဲ့ထိန်းစနစ်ကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး ရပ်တန့်စေခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလမှစ၍ တောင်အမေရိကမှ ဗဟိုအမေရိကသို့ မှောင်ခိုတင်သွင်းသည့် ကိုကင်းပမာဏမှာ ပေါင် ၁၀၀,၀၀၀ အထိ ရှိနေပြီဖြစ်ကာ ပျမ်းမျှတစ်နေ့ သိမ်းဆည်းရမိနှုန်းသည် ပေါင် ၁၆၀၀ ရှိနေသည်။ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်က သိမ်းဆည်းရမိသည့် စုစုပေါင်း ကိုကင်းပမာဏမှာ ပေါင် ၅၁၀,၀၀၀ အထိရှိနေပြီဖြစ်ရာ သမိုင်းတစ်လျှောက် တစ်နှစ်အတွင်း အများဆုံး သိမ်းဆည်းရမိမှုလည်း ဖြစ်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားအပါအဝင် တောင်အမေရိကမှ မူးယစ်မှောင်ခိုသမားများအား အမြစ်ပြတ်တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

news-view-count-icon

18