back

တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ရောက်ရှိ

Dec 08 • 6:18 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ရောက်ရှိ

ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် ဒီဇင်ဘာ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှ...

ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် ဒီဇင်ဘာ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းသို့ ရောက်ရှိကာ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ကို စတင်ခဲ့သည်။ ယခုအကြိမ် ခရီးစဉ်သည် ရေတပ် ချန်ပိုင်ဆန်းသင်္ဘောနှင့် “ရှန့်ချန်ကျင့် အမှတ် (၁)” သင်္ဘောတို့၏ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်။ ဆိပ်ကမ်းသို့ တရုတ်သံတမန်အဖွဲ့၊ သံရုံးဝန်ထမ်းများ၊ ဒေသခံတရုတ်လူမျိုးများနှင့် အင်ဒိုနီးရှားရေတပ် အရာရှိစစ်သည် ကိုယ်စားလှယ်များအပါအဝင် လူ ၄၀၀ ကျော် လာရောက် ကြိုဆိုခဲ့ကြသည်။ ခရီးစဉ်အတွင်း တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံရေတပ်တို့သည် အားကစားကဏ္ဍ ဖလှယ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20