back

ဆန်းတို့စ်အသင်းကို ကူညီပေးနိုင်ဖို့ ပြန်လာခဲ့ခြင်းဖြစ်တယ်လို့ နေမာ ပြောကြား

Dec 08 • 4:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆန်းတို့စ်အသင်းကို ကူညီပေးနိုင်ဖို့ ပြန်လာခဲ့ခြင်းဖြစ်တယ်လို့ နေမာ ပြောကြား

ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ၂၀၂၅ ရာသီ ဘရာဇီးလ်စီးရီးအေ၏ နောက်ဆုံးပွဲစဉ်တွင် ခရူဇီယိုအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနေ...

ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ၂၀၂၅ ရာသီ ဘရာဇီးလ်စီးရီးအေ၏ နောက်ဆုံးပွဲစဉ်တွင် ခရူဇီယိုအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် တန်းဆင်းအန္တရာယ်မှ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ နေမာက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေသော်လည်း အသင်းအတွက် ဆက်လက်ကစားပေးခဲ့ပြီး နောက်ဆုံး ၄ ပွဲတွင် ၅ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးပေးခဲ့သည်။ နေမာက "ကျွန်တော့်အတွက် ခက်ခဲ့တဲ့ ရက်သတ္တပတ်တွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဒူးဒဏ်ရာကြောင့် ဒီပွဲတွေကို ကျွန်တော် မကစားခဲ့သင့်ပါဘူး။ ကျွန်တော် တတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းနဲ့ အခုလို ကူညီပေးနိုင်ဖို့ ကျွန်တော် လာခဲ့တာပါ" ဟု ပြောကြားခဲ့ပြီး၊ မကြာမီတွင် ခွဲစိတ်ကုသမှုခံယူသွားမည်ဟု သိရသည်။

news-view-count-icon

33