မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ ဒီဇင်ဘာ၇ရက် နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ထူးချွန်ဆရာ ဆရာမနှင့် တန်းစဉ်ပေါင်းရမှတ် အများဆုံးဆုရ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ဆေးတက္ကသိုလ်ပညာရေးအဖွဲ့က ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ကြေညာခြင်းခံရသော မွေးမြူရေးပညာဘွဲ့ BASc ဘွဲ့ရမောင်မယ် ၄၉ ဦး၊ တိရစ္ဆာန်ဆေးပညာဘွဲ့ DVM ၅၅ ဦး၊ မွေးမြူရေးမဟာပညာဘွဲ့ MASc ခြောက်ဦး၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့ MVSc ၁၂ ဦး၊ ပါရဂူဘွဲ့ PhD သုံးဦးနှင့် အဝေးရောက်ဘွဲ့ယူသူတစ်ဦး စုစုပေါင်း ၁၂၆ ဦးကို ပါမောက္ခချုပ်က ဘွဲ့များ အပ်နှင်းချီးမြှင့်သည်။
Dec 08 • 4:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


