မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံရှိ ဒေသ ၁၃ မြို့၌ အပူချိန် 10.0ဒီဂရီCအောက်ရောက်ရှိပြီး ရေခဲမှတ်နီးပါး အေးမြလျက်ရှိကြောင်း သိရသည်။ ယင်းမြို့များအနက် ဟားခါးမြို့တွင် အနိမ့်ဆုံးအပူချိန် 1.0ဒီဂရီC ဖြင့် အအေးဆုံးဖြစ်ခဲ့ပြီး၊ တီးတိန် (5.3ဒီဂရီ C)၊ လွိုင်လင် (5.5ဒီဂရီ C)၊ ပူတာအို (5.8ဒီဂရီC)၊ ဟဲဟိုး (7.8ဒီဂရီ C)၊ မချမ်းဘောနှင့် ပင်လောင်း (8.0ဒီဂရီ C)၊ ပြင်ဦးလွင် (9.5ဒီဂရီ C)၊ ခန္တီး (9.8ဒီဂရီC) နှင့် ဟုမ္မလင်း၊ မိုးညှင်း၊ တောင်ကြီး၊ မိုင်းယန်းတို့၌ (10.0ဒီဂရီC) အသီးသီးရှိခဲ့သည်။ နောက် ၂ ရက်အတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့၌ ညအပူချိန်များ အနည်းငယ် ထပ်မံလျော့နည်းနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
Dec 08 • 4:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 44 | 0 | 0 | 0 |


