back

အရေးကြီးသော ဆန်နှင့်ဆီ မပြတ်လတ်ရေးဂရုပြုဆောင်ရွက်ရန် ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီးမှာ ကြား

Dec 08 • 2:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အရေးကြီးသော ဆန်နှင့်ဆီ မပြတ်လတ်ရေးဂရုပြုဆောင်ရွက်ရန် ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီးမှာ ကြား

ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသ...

ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး၌ လုပ်သားပြည်သူများ၏ အရေးကြီးသောစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီ မပြတ်လပ်ရေးအတွက် ဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့သည်။ ရန်ကုန်တိုင်းသည် လူဦးရေနှင့် စီးပွားရေးလုပ်ငန်းများအရ နိုင်ငံ၏ အရေးအကြီးဆုံးစီးပွားရေးအချက်အချာကျသော ဒေသဖြစ်သည့်အပြင်၊ စားအုန်းဆီ တင်သွင်းသိုလှောင်ခြင်းကို အဓိကဆောင်ရွက်ရသောကြောင့် စားသုံးဆီကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့် အခြေအနေရှိနေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ အစည်းအဝေးတွင် နှစ်ပတ်လည်အစီရင်ခံစာများ တင်သွင်းအတည်ပြုခြင်း၊ ၂၀၂၅-၂၀၂၈ အလုပ်အမှုဆောင်သစ်များ ဖတ်ကြားအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

50