back

မြဝတိီရှိ KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ သိမ်း ဆည်းရမိပစ္စည်းများကိုမီးရှို့ဖျက်ဆီး

Dec 08 • 2:58 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတိီရှိ KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ သိမ်း ဆည်းရမိပစ္စည်းများကိုမီးရှို့ဖျက်ဆီး

KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းရမိပြီး ဒီဇင်ဘာ ၇ ရက်က ထပ...

KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းရမိပြီး ဒီဇင်ဘာ ၇ ရက်က ထပ်မံအသုံးပြုမှုမရှိစေရန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့အပြင် KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ ၆၃၅ လုံးအနက်မှ ၃၃၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ရာ၊ ယမန်နေ့က အပိုင်း (၃) နယ်မြေမှ တရားမဝင် အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သည်။ အလားတူ ရွှေကုက္ကိုလ်နယ်မြေ၌လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၁၆၉ လုံးအား ပြန်လည်အသုံးမချစေရေးအတွက် ချိတ်ပိတ်သိမ်းဆည်းလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်အထိ ၁၆၁ လုံးကို ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သတင်းရရှိသည်။

news-view-count-icon

29