back

ထိုင်းမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ရခိုင်အမျိုးသားရေး လှုပ်ရှားသူ ကိုသံမဏိ(ခေါ်) ဦးသန့်ဇင်အောင် ရုတ်တရက်ကွယ်လွန်

Dec 08 • 2:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ရခိုင်အမျိုးသားရေး လှုပ်ရှားသူ ကိုသံမဏိ(ခေါ်) ဦးသန့်ဇင်အောင် ရုတ်တရက်ကွယ်လွန်

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့မှာ ရေဘေးသင့်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ရခိုင်အမျိုးသားရေးလှုပ်ရှားသူ ကိုသံမဏိ(ခေါ်) ဦးသန့်ဇင်အောင်ဟာ ယမန်နေ...

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့မှာ ရေဘေးသင့်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ရခိုင်အမျိုးသားရေးလှုပ်ရှားသူ ကိုသံမဏိ(ခေါ်) ဦးသန့်ဇင်အောင်ဟာ ယမန်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့မိတ်ဆွေတွေက အတည်ပြုပြောဆိုပါတယ်။အသက် ၄၆ နှစ်အရွယ် ကိုသံမဏိ(ခေါ်) ဦးသန့်ဇင်အောင်ဟာ ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းမှာ ဟတ်ယိုင်မြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးပြုလုပ်ပြီးနောက် သူ့ရဲ့မိတ်ဆွေတစ်ယောက်ရဲ့အခန်းသို့ရောက်ရှိစဉ် အမောဆို့၊ အသက်ရှူကျပ်ပြီးတော့ ရုတ်တရက် ကွယ်လွန်သွားတာလို့ သူနဲ့အတူ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ Labour Right Foundation(LRF)ရဲ့ အလုပ်သမားစည်းရုံးရေးတာဝန်ခံ က ပြောပါသည်။

news-view-count-icon

27