back

နေပြည်တော်တွင် စပါးအသစ်ပေါ်ချိန် ဝယ်သူရှိနေသော်လည်း စျေးမကောင်းသဖြင့် ရောင်းသူနည်း

Dec 08 • 2:29 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် စပါးအသစ်ပေါ်ချိန် ဝယ်သူရှိနေသော်လည်း စျေးမကောင်းသဖြင့် ရောင်းသူနည်း

နေပြည်တော်ဒေသစိုက် မိုးစပါးအသစ် ရိတ်သိမ်းချွေလေ့ချိန်ရောက်ပြီဖြစ်ရာ ဝယ်လက်များရှိနေသော်လည်း တောင်သူအများစုမှာ စျေးမကောင်းသဖြင့် ရောင်းချခြင်းမရှိသေးကြောင်း ဒေသခ...

နေပြည်တော်ဒေသစိုက် မိုးစပါးအသစ် ရိတ်သိမ်းချွေလေ့ချိန်ရောက်ပြီဖြစ်ရာ ဝယ်လက်များရှိနေသော်လည်း တောင်သူအများစုမှာ စျေးမကောင်းသဖြင့် ရောင်းချခြင်းမရှိသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။စပါးအသစ်များပေါ်လာသည့် စပါးပွဲစားများနှင့် ဝယ်လက်များမှ ရွာတွေအထိ ဆင်းဝယ်ကြသော် လည်းစပါးဈေးမှာ တင်း၁၀၀လျှင် ၁၀သိန်းဝန်းကျင်သာ ပေးဝယ်ကြသဖြင့် ရောင်းသူနည်းပါးကြောင်း အချို့တောင်သူများမှာ ဝမ်းစာအတွက်သာ ထားကျကြောင်းသိရသည်။ယခုနှစ်ကနေပြည်တော်တွင်ကဆုန်လမှသည် တန်ဆောင်မုန်းလအထိ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် လယ်ယာမြေအများအပြား ရေနစ်မြုပ်ခဲ့သည့်အတွက် စပါးအား အကြိမ်ကြိမ်ပြန်လည်စိုက်ရခြင်း၊သွင်းအားစုဈေးများမြင့်ခြင်း ထွန်စရိတ်၊စိုက်စရိတ်များမြင့်လာခြင်းများကြောင့် စိုက်ပျိုးစရိတ်များ ထောင်းခဲ့ပြီး စပါးထွက်ချိန်တွင် စပါးဈေးကျဆင်းလာ‌သည့်အတွက် တောင်သူများအထိ နာနေကြောင်းသိရသည်။

news-view-count-icon

21