ကမ္ဘာ့နိုင်ငံကြီးများ၏ ဘဏ်အတိုးနှုန်းထား အပြောင်းအလဲ ပေါ် လိုက်ပါပြောင်းလဲနေသည့် နိုင်ငံတကာ ရွှေဈေးအခြေအနေကြောင့် ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာသည်။အမေရိကန်နိုင်ငံ၏ဘဏ်အတိုးနှုန်းများ ယခုလတွင် ထပ်မံလျော့ချနိုင်သည်ဟုဆိုသည့် မှန်းဆချက်များခိုင်မာလာသဖြင့် နိုင်ငံတကာဈေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၂၀၀အထက်ကို ဈေးပြန်လည်မြင့်တက်သည်။ပြည်တွင်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၈,၇၃၀,၀၀၀ ၀န်းကျင်အထိဈေးကျဆင်းပြီး နောက် ကျပ် ၈,၈၃၀,၀၀၀ ၀န်းကျင်သို့ဈေးပြန်တက်လာသည်။ပြည်တွင်းဈေးကွက်တွင် ရွှေဈေးအတက်ဘက်ကိုပြောင်းလဲနေသော်လည်း နိုင်ငံခြားငွေတန်ဖိုးများက ကျဆင်းနေသည်။ပြည်ပပို့ကုန်ရငွေတန်ဖိုးက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ်၄,၀၀၀အောက်ကျလာသည်။



