back

ထိုင်းမှာ ရာသီဥတု မတည်မငြိမ်ဖြစ်မယ်လို့ မိုးဇလမှ သတင်းထုတ်ပြန်

Dec 08 • 2:23 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ရာသီဥတု မတည်မငြိမ်ဖြစ်မယ်လို့ မိုးဇလမှ သတင်းထုတ်ပြန်

ထိုင်းတစ်နိုင်ငံထဲမှာတင် မြောက်ပိုင်းနဲ့ တောင်ပိုင်း ရာသီဥတု မတည်မငြိမ်ဖြစ်နိုင်ခြေရှိတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။ ၂၄ နာရီအတွင်း ထိုင်းရဲ့ မြောက်ပိုင်...

ထိုင်းတစ်နိုင်ငံထဲမှာတင် မြောက်ပိုင်းနဲ့ တောင်ပိုင်း ရာသီဥတု မတည်မငြိမ်ဖြစ်နိုင်ခြေရှိတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။ ၂၄ နာရီအတွင်း ထိုင်းရဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း ရာသီဥတုက အရမ်းကို အေးနေမှာဖြစ်ပြီး၊ ဘန်ကောက်မှာလည်း ရာသီဥတုနည်းနည်းအေးမယ်၊ တောင်ပိုင်းမှာတော့ မိုးနဲ့အတူ မိုးကြိုးမုန်တိုင်းတွေပါ တိုက်ခတ်နေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြောက်ပိုင်းက လူတွေကို ကျန်းမာရေး ဂရုစိုက်ဖို့လည်း ဆော်သြထားပါတယ်။အခုလို မြောက်ပိုင်းမှာ အအေးရာသီဥတု ဖြစ်ရတာက တရုတ်ကတိုက်ခတ်လာတဲ့ လေဖိအားနည်းရပ်ဝန်း သို့ လေပြင်းတွေကြောင့်ဖြစ်ပြီး တောင်ပိုင်းမှာတော့ လှိုင်းတွေက ၂ မီတာအထိ တက်နိုင်သလို တချို့နေရာတွေမှာ မိုးသည်းထန်စွာရွာဦးမယ်လို့ဆိုပါတယ်။

news-view-count-icon

22