မိဘနဲ့ ကလေးစောင့်ရှောက်ရေးဆိုင်ရာ ခွင့်ရက်တွေကို တိုးမြှင့်ပေးထားတဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေအသစ်ဟာ တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၇ ရက်)မှာ စတင်အသက်ဝင်လာပြီလို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။အလုပ်ခွင်နဲ့ မိသားစုဘဝ မျှတမှုရှိစေဖို့ မိဘတွေအတွက် ခွင့်ရက်တွေ ပိုမိုပေးထားတဲ့ အဲဒီဥပဒေဟာ Royal Gazette မှာ နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ကြေညာပြီး ရက်ပေါင်း ၃၀ အကြာ တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်လာတာဖြစ်တယ်လို့ ဒုတိယအစိုးရပြောခွင့်ရပုဂ္ဂိုလ် Lalida Prertwiwattana က ပြောပါတယ်။နိုင်ငံပိုင် အေဂျင်စီတွေက ယာယီဝန်ထမ်းတွေဟာလည်း သာမန်ဝန်ထမ်းတွေနည်းတူ ကလေးစောင့်ရှောက်ခွင့်နဲ့ မိဘဆိုင်ရာ ခွင့်ရက်တွေကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။အဲဒီဥပဒေဟာ ခေတ်မီလူ့အဖွဲ့အစည်းနဲ့အညီ ဖြစ်စေဖို့၊ မိသားစုအတွင်း ညီမျှမှုရှိစေဖို့နဲ့ အလုပ်သမားတွေရဲ့ လူနေမှုဘဝ အရည်အသွေး မြှင့်တင်ပေးဖို့ သိသိသာသာ ပြုပြင်မွမ်းမံထားတာဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မီးဖွားခွင့်နှင့် ဖခင်များအတွက် ခွင့် ၁၅ ရက် ပါဝင်တဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေသစ် စတင်အသက်ဝင်
Dec 08 • 2:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


