မြန်မာနိုင်ငံတွင် ၄ နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆက်လက်ကျယ်ပြန့်လာပြီး ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း United Nations Office on Drugs and Crime (UNODC) ၏ "Myanmar Opium Survey 2025: Cultivation, Production, and Implications" အစီရင်ခံစာက ဖော်ပြသည်။ ဘိန်းစိုက်ပျိုးသည့် မြေဧရိယာသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဟက်တာ ၄၅,၂၀၀ မှ ၅၃,၁၀၀ အထိ ၁၇% တိုးလာခဲ့သည်။ အများဆုံးတိုးတက်လာသည့် ဒေသများမှာ အရှေ့ရှမ်းပြည်နယ် (၃၂%) နှင့် ချင်းပြည်နယ် (၂၆%) တို့ဖြစ်ပြီး၊ တောင်ရှမ်းပြည်နယ်သည် နိုင်ငံတစ်ဝန်းရှိ စိုက်ခင်းများ၏ ၄၄% ဖြင့် စိုက်ပျိုးမှု အများဆုံးဒေသအဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ပထမဆုံးအကြိမ်အဖြစ် ဘိန်းစိုက်ပျိုးတာကို တွေ့ရှိရပြီး ဟက်တာ ၅၅၂ စိုက်ပျိုးထားသည်။ နှစ်ရှည်လများ ဖြစ်ပွားနေသော ပဋိပက္ခနှင့် လူမှုစီးပွား မတည်ငြိမ်မှုများကြောင့် တောင်သူများအနေဖြင့် ငွေဝင်သီးနှံဖြစ်သည့် ဘိန်းစိုက်ပျိုးမှုဆီသို့ ပိုမိုလှည့်လာခြင်းဖြစ်ပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၌ ဘိန်းစိုက်ပျိုးမှု ကျဆင်းပြီးနောက် ကမ္ဘာ့အဓိက တရားမဝင် ဘိန်းဖြူ ထုတ်လုပ်ရာ နေရာဖြစ်လာကာ ဘိန်းစိမ်းဈေးနှုန်းသည်လည်း တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၃၂၉ အထိ နှစ်ဆကျော် မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Dec 08 • 2:16 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 71 | 0 | 0 | 0 |


