back

ရီးယဲလ်နည်းပြ ရှာဘီအလွန်ဆို ဆယ်လ်တာဗီဂိုကို ရှုံးနိမ့်သည့်အတွက် ဒေါသထွက်ပြီး မန်စီးတီးနှင့်ပွဲတွင် ပုံစံပြောင်းလဲ တုံ့ပြန်သွားမည်ဟု ပြောကြား

Dec 08 • 2:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးယဲလ်နည်းပြ ရှာဘီအလွန်ဆို ဆယ်လ်တာဗီဂိုကို ရှုံးနိမ့်သည့်အတွက် ဒေါသထွက်ပြီး မန်စီးတီးနှင့်ပွဲတွင် ပုံစံပြောင်းလဲ တုံ့ပြန်သွားမည်ဟု ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ ရှာဘီအလွန်ဆိုက အိမ်ကွင်းတွင် ဆယ်လ်တာဗီဂိုအသင်းအား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အပေါ် ဒေါသထွက်ကြောင်း ပြောကြားခဲ့သည်။ မနေ့က ယှဉ်ပ...

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ ရှာဘီအလွန်ဆိုက အိမ်ကွင်းတွင် ဆယ်လ်တာဗီဂိုအသင်းအား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အပေါ် ဒေါသထွက်ကြောင်း ပြောကြားခဲ့သည်။ မနေ့က ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲစဉ်၌ ရှုံးနိမ့်ခဲ့သည့်အပြင် ဂါစီယာနှင့် ကာရီရက်စ်တို့လည်း ထုတ်ပယ်ခံခဲ့ရပြီး၊ ကစားသမား မီလီတို ဒဏ်ရာရရှိခဲ့ခြင်းကလည်း နာကျင်စေသည်ဟု အလွန်ဆိုက ဆိုသည်။ ၎င်းအနေဖြင့် ယခုအခြေအနေကို အမြန်ဆုံး တုံ့ပြန်နိုင်အောင် ကြိုးစားမည်ဖြစ်ပြီး၊ လာလီဂါပွဲစဉ်များ ကျန်ရှိနေသေးသကဲ့သို့ မကြာမီ ရင်ဆိုင်ရမည့် မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲတွင် မတူခြားနားသည့် ပုံစံကို ပြသသွားမည်ဟု အလွန်ဆိုက အတည်ပြုပြောကြားခဲ့သည်။ ရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါ၌ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ် ကွာဟနေသည်။

news-view-count-icon

28