ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်သည် ၎င်း၏ ၃ ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံက နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့မှုများအတွက် ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် "ခင်ဗျားတို့ရဲ့ နွေးထွေးတဲ့ကြိုဆိုမှုအတွက် ကျေးဇူးတင်ပါတယ် တရုတ်နိုင်ငံရေ" ဟူ၍ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား နှစ်မျိုးစလုံးဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ မက်ခရွန်သည် ပေကျင်းနှင့် စီချွမ်းပြည်နယ် ချိန်တူးမြို့တို့သို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရားဝင်တွေ့ဆုံပွဲများ၊ ဒေသခံများနှင့် အပြန်အလှန်ပြောဆိုမှုများအပြင် Dujiangyan ဆည်မြောင်းစီမံကိန်းကဲ့သို့သော ရှေးဟောင်းအဆောက်အအုံများကိုပါ လေ့လာခဲ့သည်။ စီချွမ်းသို့ ရောက်ရှိစဉ်ကလည်း ၎င်း၏ခရီးစဉ်သည် "နွေးထွေးပျူငှာ၊ ချစ်ကြည်ရင်းနှီးသည့် ကြိုဆိုမှုနှင့် စိတ်အားထက်သန်စရာကောင်းသော ခရီးစဉ်" ဖြစ်ကြောင်း လူမှုကွန်ရက် X တွင် ရေးသားကာ ဂုဏ်ပြုချီးကျူးခဲ့သည်။
နိုင်ငံတော်အဆင့်ခရီးစဥ်အတွင်း နွေးထွေးစွာကြိုဆိုမှုအတွက် တရုတ်နိုင်ငံကို ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် ကျေးဇူးတင်
Dec 08 • 1:29 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


