မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့် အခြေအနေမရှိပါ။ တစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် အမြင့်ဆုံးနေ့အပူချိန် ၂၅°C ခန့်ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန်မှာ ၁၁°C မှ ၁၄°C ခန့်ရှိနိုင်သည်။ လေထုစိုထိုင်းဆ မြင့်မားခြင်းကြောင့် ခံစားရသည့်အပူချိန်သည် ၂၇°C ခန့် ရှိနေနိုင်သည်။ လေထုညစ်ညမ်းမှုအခြေအနေအရ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၏ AQI တန်ဖိုးမှာ ၁၁၅ ရှိနိုင်ပြီး၊ ကျန်ဒေသများမှာ စိုးရိမ်ဖွယ်အဆင့်မရှိပေ။ ပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသအချို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သော်လည်း မိုးရေချိန် အလွန်နည်းပါးမည်ဟု ခန့်မှန်းထားသည်။
| 38 | 0 | 0 | 0 |


