အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် အသင်းနှင့်အတူ မေဂျာလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ခြင်းကြောင့် ၎င်း၏ ကစားသမားဘဝ တစ်လျှောက် ဆွတ်ခူးရရှိသည့် စုစုပေါင်းဆုဖလားအရေအတွက်ကို ၄၈ လုံးအထိ ထပ်မံတိုးမြှင့်နိုင်ခဲ့သည်။ ဖလားအများဆုံးရ ကစားသမားဖြစ်သည့် မက်ဆီသည် အင်တာမိုင်ယာမီအသင်းနှင့်အတူ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း Leagues Cup၊ Supporters' Shield၊ East Conference ဖလားနှင့် မေဂျာလိဂ်ဖလား စသည့် ဖလား ၄ လုံးကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဖလား ၄၈ လုံးတွင် ဘာစီလိုနာ (၃၅ လုံး)၊ PSG (၃ လုံး)၊ အာဂျင်တီးနားလက်ရွေးစင်အသင်း (၆ လုံး) နှင့် အင်တာမိုင်ယာမီ (၄ လုံး) တို့ ပါဝင်ပြီး၊ မက်ဆီသည် ၎င်း၏ ၅၀ လုံးမြောက် ဖလားရည်မှန်းချက်အတွက် ၂၀၂၆ ခုနှစ်တွင် ကစားရမည့် Finalissima နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများကဲ့သို့သော ပွဲစဉ်များအား စောင့်မျှော်နေကြောင်း သိရသည်။
| 39 | 0 | 0 | 0 |


