၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ကြံကြိတ်ရာသီချိန်တွင် သကြားစက်ရုံများက ကြံ (၁) တန်လျှင် စက်ရုံအရောက်ဈေး ငွေကျပ် ၁၇၀,၀၀၀ နှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ ကြံစိုက်တောင်သူများအနေဖြင့်လည်း အဖူး၊ အမြစ်၊ အမှိုက်များကင်းစင်ပြီး သန့်ရှင်းလတ်ဆတ်သော ကြံများကိုသာ သယ်ယူရောင်းချပေးရန် မေတ္တာရပ်ခံထားသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ကြံကြိတ်ခွဲရာသီကမူ ကြံတစ်တန်လျှင် ငွေကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ နှုန်းအထိ ဈေးကောင်းပေး ဝယ်ယူခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ စုစုပေါင်း ကြံစိုက်ဧက ၄၅၀,၀၀၀ ဝန်းကျင်ရှိပြီး၊ တစ်နိုင်ငံလုံး၌ သကြားစက်ရုံပေါင်း ၂၄ ရုံရှိကာ နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ်မှ ဧပြီလအထိ ကြံကြိတ်သည့်ကာလ ဖြစ်သည်။ မြန်မာနိုင်ငံသည် သကြားများကို ပြည်တွင်းစားသုံးမှု ဖူလုံစေရန် အဓိကထား ဖြန့်ဖြူးပြီး၊ ပိုလျှံသော သကြားများကို ဗီယက်နမ်နိုင်ငံသို့ ဦးစားပေး တင်ပို့လျက်ရှိကြောင်း သိရသည်။
Dec 08 • 1:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


