back

ဟောင်ကောင်၊ မကာအိုရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေး

Dec 08 • 1:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟောင်ကောင်၊ မကာအိုရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေး

လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားမဲဆန္ဒရှင်...

လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားမဲဆန္ဒရှင်များသည် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ စနစ်တကျ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး/ကောင်စစ်ဝန်ရုံးများ၌ ကြိုတင်မဲပေးခြင်းကို လက်ရှိအချိန်တွင် လုပ်ဆောင်နေပြီးဖြစ်ကာ၊ ရွေးကောက်ပွဲကို အပိုင်း (၁) အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌လည်းကောင်း၊ အပိုင်း (၂) အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မြို့နယ်၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

news-view-count-icon

25