back

ငရုတ်သီးနမူနာများကို ဓာတ်ခွဲစစ်ဆေးပြီးမှသာ ပြည်ပတင်တင်ပို့ခွင့်ပြုမည်

Dec 08 • 1:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငရုတ်သီးနမူနာများကို ဓာတ်ခွဲစစ်ဆေးပြီးမှသာ ပြည်ပတင်တင်ပို့ခွင့်ပြုမည်

ပြည်ပသို့ ငရုတ်သီးတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပြန...

ပြည်ပသို့ ငရုတ်သီးတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ ထုတ်ပြန်ရခြင်းမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး (အခြောက်နှင့် အစို) များတွင် Chlorpyrifos နှင့် Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရပြီးနောက်ပိုင်း ဖြစ်သည်။ အဆိုပါ ဓာတ်ကြွင်းများ တွေ့ရှိရမှုအား မြဝတီနယ်စပ်မှ ကုမ္ပဏီ ၁၁ ခုနှင့် မောတောင်နယ်စပ်မှ ကုမ္ပဏီ ၁ ခုတို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏ ငရုတ်သီးနမူနာများကို ISO 17025 လက်မှတ်ရရှိသည့် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးမှသာ ပြည်ပသို့ တင်ပို့ရတော့မည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ငရုတ်သီးကို ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဖျက်ပိုးပေါက်ဖွားမှု မြင့်မားလာခြင်း၊ နည်းစနစ်မမှန်ကန်ခြင်းနှင့် ရိတ်သိမ်းချိန်စောင့်ဆိုင်းခြင်း မရှိဘဲ အလျင်စလို တင်ပို့ခြင်းတို့ကြောင့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

31