back

အိန္ဒိယတွင် နိုက်ကလပ်မီးလောင်မှု ၂၅ ဦး သေဆုံး

Dec 08 • 1:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယတွင် နိုက်ကလပ်မီးလောင်မှု ၂၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံ၊ ဂိုအားပြည်နယ်၊ မြောက်ဂိုအား၊ အာပိုရာဒေသရှိ Birch by Romeo Lane နိုက်ကလပ်တွင် စနေနေ့ည သန်းခေါင်ယံခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅ ဦး သေ...

အိန္ဒိယနိုင်ငံ၊ ဂိုအားပြည်နယ်၊ မြောက်ဂိုအား၊ အာပိုရာဒေသရှိ Birch by Romeo Lane နိုက်ကလပ်တွင် စနေနေ့ည သန်းခေါင်ယံခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအရာရှိများက ပြောကြားသည်။ ရဲတပ်ဖွဲ့၏ ယုံကြည်ချက်အရ ကလပ်၏ မြေညီထပ်ရှိ မီးဖိုခန်းတွင် ဂက်စ်အိုး ပေါက်ကွဲခဲ့ရာမှ မီးစတင်ကူးစက်ခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူအများစုကို မီးဖိုခန်းအနီးတွင် တွေ့ရှိခဲ့ရကာ ၎င်းတို့သည် ကလပ်ဝန်ထမ်းများ ဖြစ်ကြသည်။ သေဆုံးသူများအနက် သုံးဦးမှာ မီးလောင်ဒဏ်ရာဖြင့် သေဆုံးပြီး ကျန်သူများမှာ မီးခိုးမွှန်၍ မွန်းကြပ်သေဆုံးခဲ့ခြင်းဖြစ်ကာ နိုင်ငံခြားသား ခရီးသွား သုံး၊လေးဦးလည်း ပါဝင်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။ ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးကို ဆေးရုံတင်ထားရပြီး မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

29