ရွှေတိဂုံစေတီတော်ဂေါပကမှ တားမြစ်ချက်များတွင် မူလက သတ်မှတ်ထားသည့် ဘောင်းဘီတို၊ စကတ်တို၊ အသားကပ်ဘောင်းဘီ၊ ခါးပေါ်အင်္ကျီလည်ဟိုက်များ၊ ဘောင်းဘီအပေါက်အပြဲ၊ ခြေအိတ်တို့ဖြင့်မတက်ရန်၊ Tiktok ဆော့ကစားခြင်းမပြုရန်စသည့် သတ်မှတ်ချက်များအပြင် UAV Drone ယူဆောင်လာခြင်းမပြုရန်, Power Bank ၊ ဓာတ်ခဲယူဆောင်လာခြင်းမပြုရန်၊ ဓားကတ်ကြေး လက်နက်ခဲယမ်း ယူဆောင်လာခြင်းမပြုရန် စသည့်တားမြစ်ချက်များကိုလည်းကောင်း၊ အရက်ဘီယာနှင့် မူးယစ်ဆေးဝါးသောက်စား၍လာရောက်ခြင်းမပြုရန် ယူဆောင်လာခြင်းမပြုရန်၊ စျေးမရောင်းရန်၊ တောင်းရမ်းခြင်း မပြုရန်၊ ကျယ်လောင်စွာ စကားပြောဆိုခြင်း၊ ပြေးလွှားဆော့ကစားခြင်းမပြုရန်၊ ကွမ်းမစားရန်၊ ဆေးလိပ်မသောက်ရန်၊ ကွမ်းတံတွေးမထွေးရန်၊ စည်းကမ်းမဲ့အမှိုက်မပစ်ရန် စသည်ဖြင့် တားမြစ်ထားလျက်ရှိသည်။ထို့အပြင် ဖိနပ်များကို အိတ်ဖြင့်ထည့်၍ယူဆောင်ရန်လည်း ညွှန်ကြားထားလျက်ရှိပြီး ဘုရားစောင်းတန်း နှင့် ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည့်သူများအနေဖြင့် အဆိုပါတားမြစ်ထားသော သတ်မှတ်ချက်များကို သိရှိနိုင်စေရန် ဗီနိုင်းဘုတ်များထောင်၍ အသိပေးထားခြင်းလည်းဖြစ်သည်။ပြည်ပမှကမ္ဘာလှည့်ဧည့်သည်များလာရောက်မှုအပေါ် ကောက်ခံသည့် ဧည့်ဝင်ကြေးကိုလည်း မူလကောက်ခံသောနှုန်းထက် နှစ်ဆတိုးမြှင့်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ပြောင်းလသတ်မှတ်ခဲ့ကြောင်းလည်း ဆက်လက်သိရသည်။



