back

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုလျှောက်လွှာခေါ်ယူမှုကို ဒီဇင်ဘာ ၁၂ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်

Dec 08 • 1:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုလျှောက်လွှာခေါ်ယူမှုကို ဒီဇင်ဘာ ၁၂ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် ရွှေကြိုလျှောက်လွှာခေါ်ယူမှုကို လျှောက်ထားလိုသူများ၏ တောင်းဆိုမှုကြောင့် မူလသတ်မှတ်ရက် ဒီဇင်ဘာ ၅ ရက်မ...

၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် ရွှေကြိုလျှောက်လွှာခေါ်ယူမှုကို လျှောက်ထားလိုသူများ၏ တောင်းဆိုမှုကြောင့် မူလသတ်မှတ်ရက် ဒီဇင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထပ်မံကြေညာခဲ့သည်။ ယခုကဲ့သို့ ရက်တိုးမြှင့်ပေးခြင်းမှာ နယ်မှ လာရောက်လျှောက်ထားသူများအတွက် အချိန်ပိုပေးလိုခြင်းကြောင့်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးတွဲဖက်အတွင်းရေးမှူး-၂ ကိုချမ်းသာကြည်စိုးက ပြောကြားခဲ့သည်။ လျှောက်ထားသူများသည် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၆ နှစ်ပြည့်ပြီး၍ ၂၅ နှစ်မကျော်လွန်သူ၊ အိမ်ထောင်မရှိသူ ဖြစ်ရမည့်အပြင် သတ်မှတ်ထားသော အရပ်အမြင့်နှင့် ပြေပြစ်သော ကိုယ်ခန္ဓာအချိုးအစားရှိသူများဖြစ်ရမည်ဖြစ်ပြီး၊ ရွှေကြိုပဏာမရွေးချယ်ပွဲကို ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

news-view-count-icon

30