မှတ်ပုံတင်ထားသည့် လိပ်စာများအတိုင်းမရှိသည့် ကုမ္ပဏီပေါင်း ၂၅ ခုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကုန်ဆုံးသည်အထိ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ထိုကုမ္ပဏီ ၂၅ ခုသည် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (MyCo) တွင် မှတ်ပုံတင်ထားသော လိပ်စာများ၌မရှိကြောင်းကို ဆက်စပ်ဌာနများဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့က အကြောင်းကြားပေးပို့လာသည့် အတွက် ယင်းကဲ့သို့အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်ခြင်းလည်းဖြစ်ကြောင်း ကြေညာထားလျက်ရှိပါတယ်။ဆက်လက်၍လည်း ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများကိုလိုက်နာမှုမရှိသည့် ကုမ္ပဏီ (၄)ခုကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အမည်ပျက်စာရင်းထည့်သွင်းခြင်းများလည်းရှိခဲ့သည်။ ထိုအမည်ပျက်စာရင်းသွင်းလိုက်သည့် ကုမ္ပဏီ(၄)ခုမှာ လှိုင်သာယာ FMI City အတွင်းမှ တစ်ခု၊ ဆူးလေဘုရားလမ်းပေါ်မှ တစ်ခု၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်မှတစ်ခုနှင့် အင်းယားမြိုင်လမ်းအတွင်းမှ တစ်ခု စသည်ဖြင့် တည်ရှိနေကြသည့် ကုမ္ပဏီကြီးများလည်းဖြစ်ကြကြောင်း သိရပါတယ်။



