back

သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဒဏ်ခံရသူများအတွက် မြန်မာနိုင်ငံက ကျပ် ၁.၃ ဘီလီယံကျော် တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

Dec 07 • 6:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဒဏ်ခံရသူများအတွက် မြန်မာနိုင်ငံက ကျပ် ၁.၃ ဘီလီယံကျော် တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ဘေးသင့်ခဲ့ရသူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့...

သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ဘေးသင့်ခဲ့ရသူများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မြန်မာအစိုးရနှင့် ပြည်သူများက ကျပ် ၁.၃ ဘီလီယံကျော်တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ဤထောက်ပံ့မှုများအနက်မှ ဆေးဝါး၊ ဆေးပစ္စည်းနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ စုစုပေါင်း ၉.၂ တန်ကို ဒီဇင်ဘာ ၆ ရက်က လေယာဉ်ဖြင့် သွားရောက်ပို့ဆောင်လှူဒါန်းခဲ့သည်။ ထို့အပြင် အမေရိကန်ဒေါ်လာ တစ်သိန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ၎င်း၊ ဆန်တန်ချိန် ၅၀၀ ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ၎င်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

news-view-count-icon

29