အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ The University of Southern California (USC) တက္ကသိုလ်မှ K-pop Icon G-Dragon ၏ ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုနှင့် ပတ်သက်ပြီး လေ့လာသည့် ဘာသာရပ်တစ်ခုကို လာမည့် နွေရာသီ ပညာသင်နှစ်မှ စတင်ကာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ USC တက္ကသိုလ်သည် G-Dragon ကို K-pop ၏ ပြောင်းလဲပုံဖော်သူ "multi-artist" အဖြစ် တင်စားခဲ့ပြီး၊ အဆိုပါ ဘာသာရပ်ကို "A Crooked Study of K-pop: The Case of G-Dragon" ဟု အမည်ပေးထားကာ ကိုရီးယားမီဒီယာလေ့လာရေးပါမောက္ခ Lee Hye Jin က သင်ရိုးရေးဆွဲသွားမည်ဖြစ်သည်။ လက်ရှိတွင် အမေရိကန် အဆင့်မြင့်ပညာရေး၌ Harvard University က Taylor Swift ကို၎င်း၊ Yale University က Beyoncé ကို၎င်း ဘာသာရပ်များအဖြစ် သတ်မှတ်သင်ကြားရန် စီစဉ်နေခြင်းကဲ့သို့ နာမည်ကျော်အနုပညာရှင်များကို လေ့လာသည့် ဘာသာရပ်များ ခေတ်စားလာနေကြောင်း သိရသည်။
အမေရိကန်တက္ကသိုလ်တစ်ခုက K-pop Icon G-Dragon ၏ ကမ္ဘာ့ယဉ်ကျေးမှု လွှမ်းမိုးမှုကို လေ့လာသည့် ဘာသာရပ်ကို စတင်သင်ကြားရန် ပြဋ္ဌာန်း
Dec 07 • 6:46 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


