back

ညဏ်ရည်တုနည်းပညာသုံး EV စက်ရုံကို သိပွံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်လေ့လာ

Dec 07 • 6:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ညဏ်ရည်တုနည်းပညာသုံး EV စက်ရုံကို သိပွံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်လေ့လာ

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီနှင့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်...

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီနှင့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ လျိုကျိုးမြို့တွင် ဉာဏ်ရည်တုနည်းပညာ နှီးနှောဖလှယ်ပွဲ တက်ရောက်ရင်း ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ယမန်နေ့က ကိုယ်စားလှယ်အဖွဲ့သည် ဝူလင်းကုမ္ပဏီ၏ ဉာဏ်ရည်တုနည်းပညာသုံး EV မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ခဲ့ရာ စက်ရုံအတွင်း ၁၀ မိနစ်တစ်စီးနှုန်းဖြင့် အလိုအလျောက်ထုတ်လုပ်နေသည့် စနစ်ကို လေ့လာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့သည်။ ထို့အပြင် ဉာဏ်ရည်တုနည်းပညာသုံး ခရုခေါက်ဆွဲထုတ်လုပ်သည့် ဟူကွေ့အစားအသောက်ကုမ္ပဏီသို့လည်း သွားရောက်၍ သုတေသနလုပ်ငန်းများနှင့် စံအရည်အသွေးအတိုင်း ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

news-view-count-icon

44