back

ဒဂုံမြို့သစ် (၃) မြို့နယ်မှာ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းစနစ်ဖြင့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ ဆောက်လုပ်မည်ဖြစ်

Dec 07 • 4:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒဂုံမြို့သစ် (၃) မြို့နယ်မှာ အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းစနစ်ဖြင့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ ဆောက်လုပ်မည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်ရှိ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်များတွင် တန်ဖိုး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်ရှိ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်များတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများကို အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းစနစ်ဖြင့် ကောင်အထည်ဖော်ဆောင်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ထုတ်ပြန်ထားပါတယ်။အဆိုပါ ထုတ်ပြန်ချက်အရ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ၄ ခန်းတွဲ၊ ၆ ထပ်တိုက်၊ ၃၆ လုံးနှင့် Shop House အလုံး ၂၀ ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ ၄ ခန်းတွဲ၊ ၆ ထပ်တိုက် ၁၀ လုံးနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ၄ ခန်းတွဲ၊ ၆ ထပ်တိုက် ၄၅ လုံးအပြင် ကွန်မာရှယ် ဧရိယာ ၂ ဒသမ ၇၃ ဧက အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါသည်။

news-view-count-icon

35