back

ဗန်းမော်တွင် နေရပ်စွန့်ခွာခဲ့ရသူ ၃,၀၀၀ ကျော်အတွက် နေရာထိုင်ခင်း အကူညီလိုအပ်နေ

Dec 07 • 5:00 AM

breaking-news

မြန်မာ

ကချင်

cover

ဗန်းမော်တွင် နေရပ်စွန့်ခွာခဲ့ရသူ ၃,၀၀၀ ကျော်အတွက် နေရာထိုင်ခင်း အကူညီလိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်တွင် နယ်မြေမငြိမ်သက်မှုများကြောင့် နေရပ်စွန့်ခွာရသူတွေထဲမှ ထွက်ပြေးခိုလှုံနေတဲ့ ဒေသခံ ၃,၀၀၀ ကျော် နေထိုင်စရာ စခန်းမရှိတာကြောင့် နေရာထိုင်ခင...

ကချင်ပြည်နယ် ဗန်းမော်တွင် နယ်မြေမငြိမ်သက်မှုများကြောင့် နေရပ်စွန့်ခွာရသူတွေထဲမှ ထွက်ပြေးခိုလှုံနေတဲ့ ဒေသခံ ၃,၀၀၀ ကျော် နေထိုင်စရာ စခန်းမရှိတာကြောင့် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ ပြောပါတယ်။နယ်မြေ မတည်ငြိမ်သက်မှုများကြောင့်ဗန်းမော်ဒေသခံတွေအားလုံးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နီးစပ်ရာဒေသထဲထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ဒီထဲမှာမှ ဗန်းမော်အနောက်ဘက် ဧရာ၀တီမြစ်တစ်ဖက်ကမ်းတွင် ထွက်ပြေးတိမ်းရှောင်နေသူတွေဟာ လက်ရှိချိန်ထိ နေရာထိုင်ခင်းမရှိပဲ ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။

news-view-count-icon

21