back

ရခိုင်ကို ပို့ဆောင်တဲ့ ဘိလပ်မြေအိတ် ၁,၅၀၀ ကျော်နဲ့အတူ လူ ၃၀ဦးကို ဘင်္ဂလားနေဗီဖမ်းဆီးခဲ့

Dec 07 • 4:58 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ကို ပို့ဆောင်တဲ့ ဘိလပ်မြေအိတ် ၁,၅၀၀ ကျော်နဲ့အတူ လူ ၃၀ဦးကို ဘင်္ဂလားနေဗီဖမ်းဆီးခဲ့

ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့က ရခိုင်ပြည်သို့ ရေကြောင်းမှ တစ်ဆင့် စက်လှေတွေနဲ့ ပို့ဆောင်တဲ့ ဘိလပ်မြေအိတ် ၁,၅၅၀ ကို လူ ၃၀ နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဘင်...


ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့က ရခိုင်ပြည်သို့ ရေကြောင်းမှ တစ်ဆင့် စက်လှေတွေနဲ့ ပို့ဆောင်တဲ့ ဘိလပ်မြေအိတ် ၁,၅၅၀ ကို လူ ၃၀ နဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ BGB က သတင်းထုတ်ပြန်ပါတယ်။ သတင်းအရ နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်း အနီးနား ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ ရေတပ်သင်္ဘောတွေဟာ လွန်ခဲ့တဲ့ သောကြာနေ့ (၀၅-၁၂-၂၅) ညမှာ သံသယဖြစ်ဖွယ်ရာ အင်ဂျင် စက်လှေ ၃ စင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစက်လှေတွေကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ပေမယ့်လည်း လှေတွေဟာ ထွက်ပြေးဖို့ ကြိုးစားကြတဲ့အတွက် ရေတပ်သင်္ဘောတွေက ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ရတယ်လို့ BGB ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီတရားမဝင်မှောင်ခိုရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်တဲ့ လူ ၃၀ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။ သိမ်းဆည်းရမိတဲ့ လှေတွေနဲ့ ကုန်ပစ္စည်းတွေ၊ ဖမ်းဆီးခံထားရသူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် တက်ကနက်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

16