ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်၊ တာခွယ်ကျေးရွာအနီးတွင် ကျထော မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား
ဒီဇင်ဘာလ ၅ ရက်နေ့ ၁၆၁၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ကျထော(၃၆)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါသည်။


