တရုတ်နိုင်ငံတွင် မကြာသေးမီရက်က ၂၇ ကြိမ်မြောက် ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာကြီးတွင် ရေခဲအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး ရေခဲဆောက်လုပ်ရေးလုပ်သား ၁၀,၀၀၀ ကျော်နှင့် စက်ယန္တရား ၁,၀၀၀ နီးပါးဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်၍ လုပ်ငန်းလုပ်ဆောင်ခဲ့သည်။ အိပ်မက်ပမာ ပြောင်မြောက်လှသော ရေခဲဆီးနှင်း ဒဏ္ဍာရီကမ္ဘာကြီးသည် မကြာမီတွင် ဖွင့်လှစ်ကာ ဧည့်သည်များ လက်ခံကြိုဆိုတော့မည်ဖြစ်သည်။ ယခုနှစ် ဥယျာဉ်ဧရိယာသည် စတုရန်းမီတာ ၁.၂ သန်းအထိ တိုးချဲ့ခဲ့ရာ ပမာဏအကြီးဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။
Dec 07 • 4:56 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


