back

တာမွေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Dec 07 • 4:54 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တာမွေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက်တွင် လမ်းလျှောက်လာသူ မချစ်ချစ်ဇော်(ခ)ဇေဇေ အား ဒီဇင်ဘာလ ၄ ရက်နေ့ ၁၅နာရီ၄၅မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင...

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက်တွင် လမ်းလျှောက်လာသူ မချစ်ချစ်ဇော်(ခ)ဇေဇေ အား ဒီဇင်ဘာလ ၄ ရက်နေ့ ၁၅နာရီ၄၅မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ မချစ်ချစ်ဇော်(ခ)ဇေဇေ(၃၄)နှစ်အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ထားပါသည်။

news-view-count-icon

22