မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ဆာလန်ယန်းတွင်ဒီဇင်ဘာလ ၆ရက်နေ့ည ၈နာရီတွင်နိုင်ငံခြားသားများအားဖမ်းဆီးခြင်းကိုမလေးရှား လူဝင်မူကြီးကြပ်ရေးဌာန၊ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့၊ မလေးရှားစစ်တပ်နှင့်အမျိုးသားမှတ်ပုံတင်ဌာနတို့ပူးပေါင်းဆောင်ရွက်ပြီးနိုင်ငံသားခြားသား ၁,၁၁၆ ဦးအားစစ်ဆေးရာ အထောက်အထားမရှိသူ ( ၈၄၃ )ဦးဖမ်းဆီးနိုင် ခဲ့ကြောင်းယနေ့မလေးရှားသတင်းတွင်ဖော်ပြထားသည်။ဖမ်းဆီးခံရသည့်နိုင်ငံခြားသား (၈၄၃ )ဦးတွင် အမျိုးသား(၈၀၈)ဦးနှင့် အမျိုးသမီး ၃၅ ဦးတို့ပါဝင်သည်။ ဖမ်းဆီးမူတွင် မြန်မာနိုင်ငံ အမျိုးသား (၆၁၇)ဦးနှင့်မြန်မာအမျိုးသမီး(၃၀) ဦး၊ နီပေါနိုင်ငံသား (၁၀၂ )ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၇၉ )ဦး၊အင်ဒိုနီးရှားနိုင်ငံသားအမျိုးသား (၁၅)ဦး၊အမျိုးသမီး(၅)ဦးနှင့်အိန္ဒိယ နိုင်ငံသား (၁၀ )ဦးနှင့်ဒေသခံမူး-ယစ်ဆေးဝါးသုံးစွဲသူ (၂ )ဦးဖမ်းဆီးထားသည်ဟုဖော်ပြထား သည်။ကြီးမားတဲ့ဖမ်းဆီးမူအားဆာလန်ဂေါပြည်နယ်လုံခြုံရေး ကော်မတီ (MKN) က ညှိနှိုင်းပြီး ပြည်နယ် MKN ဥက္ကဌလည်းဖြစ်တဲ့ Selangor Menteri Besar က ဦးဆောင်ခဲ့သည်။


