back

သိန်း ၁၀၀၀ အထက် ရောင်းဝယ်မှုအတွက် သတင်းပေးပို့ခြင်းမရှိသည့် ရွှေဆိုင်များကို လိုင်စင်ပိတ်သိမ်းကာ အရေးယူမည်

Dec 07 • 4:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သိန်း ၁၀၀၀ အထက် ရောင်းဝယ်မှုအတွက် သတင်းပေးပို့ခြင်းမရှိသည့် ရွှေဆိုင်များကို လိုင်စင်ပိတ်သိမ်းကာ အရေးယူမည်

ရန်ကုန်တိုင်း အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်း၏ ကြေညာချက်ထုတ်ပြန်ရာ၌ ရွှေဆိုင်များသည် ငွေကျပ် သိန်း ၁,၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစ...

ရန်ကုန်တိုင်း အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်း၏ ကြေညာချက်ထုတ်ပြန်ရာ၌ ရွှေဆိုင်များသည် ငွေကျပ် သိန်း ၁,၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) သို့ မပျက်မကွက် သတင်းပေးပို့ရမည်ဖြစ်ပြီး၊ သတင်းပေးပို့ခြင်းမရှိသည့် ဆိုင်များကို လိုင်စင်ပိတ်သိမ်းကာ အရေးယူမည်ဟု အသိပေးလိုက်သည်။ ထို့ပြင် သိန်း ၂၀၀ ကျော်ပါကလည်း (MMQR) စနစ်ဖြင့် ငွေပေးချေမှုများ ပြုလုပ်ရမည်ဖြစ်ကာ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက စည်းကမ်းလိုက်နာမှုရှိမရှိကို တစ်လတစ်ကြိမ် လိုက်လံစစ်ဆေးသွားမည်ဟု ဖော်ပြထားသည်။

news-view-count-icon

38