back

မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် (၁) တံတားအနီးတွင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွား

Dec 07 • 3:26 AM

breaking-news

မြန်မာ

ကရင်

cover

မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် (၁) တံတားအနီးတွင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးတွင် ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီခန့်က ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲမှ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးတွင် ဒီဇင်ဘာ ၆ ရက် ည ၁၀ နာရီခန့်က ဒရုန်းဗုံးတစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ အဆိုပါ ဗုံးသည် ဘုရင့်နောင်လမ်းနှင့် ပတ္တမြားလမ်းဆုံ၌ ဖွင့်လှစ်ထားသော ဘတ်ငွေလဲခုံဆိုင်ခန်းတစ်ခုအပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ငွေလဲခုံဆိုင်၏ ခေါင်မိုးသွပ်ပြားများနှင့် အနီးရှိ နေအိမ်အချို့၊ CB ဘဏ်အဟောင်းတို့၏ မှန်များ ဗုံးစထိမှန်ကာ ပျက်စီးမှုအနည်းငယ် ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်ကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

25