ရန်ကုန်-မန္တလေး အမြန်ရထားကို ကြွေပြားအကျိုးဖြင့် ပစ်ပေါက်ခဲ့သူ မောင်ထက်ဦးလွင် (ခ) ငထော်နီ (၂၃ နှစ်) အား တောင်ငူမြို့ ခရိုင်တရားရုံးက ဒီဇင်ဘာ ၅ ရက်တွင် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခန့်က ဖြူးမြို့နယ်ဘက်၌ ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အမှတ် (၇) အဆန်၊ DEMU အမြန်ရထား၏ ပထမတန်းတွဲကို ကြွေပြားအကျိုးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ရာ ရထားမှန်ချပ်တစ်ခုလုံး ကွဲအက်ကာ ပျက်စီးခဲ့သည်။ ၎င်း၏ ပြစ်ဒဏ်သည် ကြီးလွန်းသည်ဟု တရားရုံးနှင့်နီးစပ်သူအချို့က သုံးသပ်နေကြပြီး၊ ဤအမှုကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက တရားလိုလုပ်၍ စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်ရထားကို ကြွေပြားအကျိုးဖြင့် ပစ်ပေါက်ခဲ့သူအား ထောင်ဒဏ် ၁၅ နှစ် အလုပ်ကြမ်းဖြင့် အမိန့်ချ
Dec 07 • 4:02 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 24 | 0 | 0 | 0 |


