back

မြန်မာအမျိုးသမီး ဖူဆယ်အသင်း ဒီဇင်ဘာ ၁၃ ရက် အုပ်စုအဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားနှင့် ထိပ်တိုက်တွေ့မည်

Dec 07 • 3:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာအမျိုးသမီး ဖူဆယ်အသင်း ဒီဇင်ဘာ ၁၃ ရက် အုပ်စုအဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားနှင့် ထိပ်တိုက်တွေ့မည်

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းသည် လာမည့် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် အုပ်စုအဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင...

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းသည် လာမည့် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် အုပ်စုအဖွင့်ပွဲစဉ်၌ အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၁၃ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်၌ ဗီယက်နမ်အသင်းတို့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၊ Pranburi မြို့ရှိ Imane Stadium ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး၊ ပြိုင်ပွဲပွဲစဉ်များကို Channel 7၊ Reader Channel နှင့် HTV Sport Channel များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23