back

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်အေဂျင်စီ စုစုပေါင်း ၃၆ ခုအား ရာသက်ပန်နှင့် ကာလအပိုင်းအခြားအလိုက် ပိတ်သိမ်းခဲ့သည့် စာရင်း ထုတ်ပြန်

Dec 07 • 3:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်အေဂျင်စီ စုစုပေါင်း ၃၆ ခုအား ရာသက်ပန်နှင့် ကာလအပိုင်းအခြားအလိုက် ပိတ်သိမ်းခဲ့သည့် စာရင်း ထုတ်ပြန်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ စုစုပေါင်း ၃၆ ခုကို ရာသက်ပန်ပိတ်သိမ်းခြင်းနှင့် ကာလအပိုင်းအခြားအလိုက် ပိတ...

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ စုစုပေါင်း ၃၆ ခုကို ရာသက်ပန်ပိတ်သိမ်းခြင်းနှင့် ကာလအပိုင်းအခြားအလိုက် ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည့် စာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အသိပေး ထုတ်ပြန်ခဲ့သည်။ ရာသက်ပန်ပိတ်သိမ်း၍ အမည်စာရင်းသွင်းခြင်း ခံခဲ့ရသည့် အေဂျင်စီ ၃ ခုတွင် JJA Support Co. Ltd, JMK Service Co.Ltd, နှင့် Shwe Poe Myanmar Co.Ltd တို့ ပါဝင်သည်။ အဆိုပါ ၃၆ ခုတွင် အများဆုံးဖြစ်သည့် ၂၄ ခုမှာ ပိတ်သိမ်းခံခဲ့ရပြီး၊ ကျန်အေဂျင်စီများကိုမူ ပယ်ဖျက်ခြင်း၊ အမည်စာရင်းသွင်းခြင်း၊ နှင့် တစ်နှစ်ကြာ ပိတ်သိမ်းခြင်း (၂၀၂၅ မတ်လမှ ၂၀၂၆ မတ်လအထိ) စသည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများ အမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

91