မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် ဝမ်းရေးဒုက္ခကို ပဉ္စမမြောက်အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံဖြစ်ပြီးထိထိရောက်ရောက်အကူအညီပေးနိုင်ရန် ဒေါ်လာ သန်း ၁၀၀ ခန့်လိုအပ်မည်ဟု WFP ဌာနေကိုယ်စားလှယ်က ပြောကြားသည်။လက်ရှိတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးပွားရေးအခြေအနေများနှင့် ယခုနှစ် မတ်လပိုင်းက လှုပ်ခတ်သွားသည့် ငလျင်ကြီးအပါအဝင် သဘာဝဘေးများကြောင့် ယခုကဲ့သို့ အခြေအနေများဖြစ်လာခြင်းဟု ၎င်းက သုံးသပ်သည်။" ဒီဒဏ်ကို အဆိုးဆုံးခံရတာက ကလေးငယ်တွေပါ။ ကလေးပေါင်း လေးသိန်းကျော်လောက်က အာဟာရချို့တဲ့နေပါတယ်" ဟု WFP ဌာနေကိုယ်စားလှယ်က ပြောကြားသည်။
Dec 07 • 2:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


