ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပတဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသားဘက်စကတ်ဘောအသင်း အုပ်ချုပ်သူ ၊ နည်းပြ နဲ့ ကစားသမား တွေအတွက် မြန်မာနိုင်ငံဘက်စကတ်ဘော အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာလ ၆ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်မှာ ပြုလုပ်ပေးခဲ့ပါတယ်။၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ မြန်မာအမျိုးသားဘက်စကတ်ဘောအသင်းက ထိုင်း ၊ အင်ဒိုနီးရှား ၊ စင်ကာပူအသင်းတွေနဲ့ ယှဉ်ပြိုင် ကစားသွားမယ်လို့ မြန်မာနိုင်ငံဘက်စကတ်ဘော အဖွဲ့ချုပ်က သိရပါတယ်။မြန်မာအမျိုးသားဘက်စကတ်ဘောအသင်းဟာ 3 on 3 ဘက်စကတ်ဘောပြိုင်ပွဲကို လာမဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ စင်ကာပူ နဲ့ အင်ဒိုနီးရှားအသင်း ၊ ဒီဇင်ဘာလ ၁၁ ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
Dec 07 • 2:30 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


